Saturday, March 21, 2009

သွေးမျက်ရည်မိုး

လမ်းခွဲ ကြရအောင် တဲ့

ငါနှုတ်ခမ်းက မုသားရောယှက် ပြောထွက်ခဲ့ တယ်

နှလုံးသားရဲ့ နာကျင်မှုဝေဒနာကို

ဖြေသာပုံ ဆောင် ဟန်ဆောင်ဖန်ဆင်း

အားမာန်တင်းကာ မင်းရှေ့ ကေ ပြးထွက်ခဲ့တယ်

ကြမ်းတမ်းတဲ့ မြေနီလမ်းမှာ ဖိနပ်ဗလာနဲ့

ခြေလမ်းတွေမမှားအောင်

ထိန်းလျှောက်တဲ့ ကြားက သွေးမျက်ရည်မိုး

ရွာသွန်းခဲ့တယ် မောင်ရယ်

အများအမြင်မှာ ရက်စက်တယ်လို့ထင် ခဲ့ပေမဲ့

နှလုံးသားကို စူနစ်တဲ့ အဆိပ်မြှား ကိုယ်တိုင်ဆွဲနှုတ်တာထက်

နာကျင်ဦးမလား ခံစားကြည့် ကြစမ်းပါ

No comments:

Post a Comment