သစ္စာပန်းများနဲ့ မေလ
မောင်ချောနွယ်
တစ်ဘ၀ ကဗျာဆရာ
မဟုတ်ခဲ့တာ သေချာပြီ။
ဘာတစ်ခုမှ မရှိတော့တဲ့ မေလမှာ
နောက်ထပ် ဘာမဆို ပေးလိုက်ရပြန်တဲ့ မေလမှာ
အဆင်မပြေမှုတွေ
အစီအစဉ်ကျနလွန်းတဲ့ မေလမှာ
အလကားရတဲ့ ညနေခင်းကတောင်
မထေမဲ့မြင်ပြုခံရတဲ့ မေလမှာ
ဒုက္ခတွေ အဆုပ်လိုက် အဆုပ်လိုက်
ပွင့်အားကောင်းတဲ့ မေလမှာ
အားကြီးဖုန်ထတဲ့ လေပူထဲ
အနှံ့ပြားစီပွချင်တိုင်း ပွနေ လွင့်နေတဲ့
လဲမှို့တွေလို မေလမှာ
Saturday, May 30, 2009
အဖော်မဲ့ရေသန့်ဘူးလေ်း်
တစ်ခုသောဆောင်းရာသီရဲ့
မနက်ခင်းလေးမှာ...
ကောင်လေးတစ်ယောက်နှင့်
့်ကောင်မလေးတစ်ယောက်
စာသင်ခန်းတစ်ခုရဲ့ ရှေ့ကော်ရစ်တာလေးမှာ
အမှတ်မထင်ဆုံတွေ့ခြဲ့ကတယ်...
ကောင်လေးရဲ့လွယ်အိတ်ထဲက
ရေသန့်ဘူးလေးဟာ..
ကောင်မလေးအတွက်ဖြစ်ခဲ့သလို.....
ကောင်မလေးရဲ့ သကြားလုံးလေးတွေဟာ
ကောင်လေးအတွက်ချိုနေခဲ့တာပေါ့.........
အခုတဖန်
ဆောင်းရာသီကို ရောက်ခဲ့လေပြန်ပြီ...
သူတို့ရဲ့ကော်ရစ်တာလေးမှာပဲ
ကောင်လေးနဲ့ကောင်မလေးတွေ့တဲ့အခါ.....
ကောင်မလေးရဲ့သကြာလု့းလေးတွေဟာ
ကောင်လေးအတွက်မဟုတ်တော့ပေမဲ့
ကောင်လေးရဲ့ရေသန့်ဘူးလေးကတော့
ပိုင်ရှင်ဟောင်းဖြစ်တဲ့ ကောင်မလေးကို
အဖော်မဲ့ စွာမျှော် ကြည့်နေလို့ပေါ့ကွာ....

အလွမ်းသက်သေ
ခံစားမှုက အထီးကျန်နေဆဲ
ပြောင်မြောင်စွာ လွမ်းတက်ဖို့
အလွမ်းတွေ ငါ့ရင်ဘတ်ထဲ
နင်ထည့်ပေးခဲ့တယ်
အိပ်စက်မရတဲ့ ရင်ခုန်သံအသေတွေနဲ့
ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်များစွာမှာ
နင့်အကြောင်းပဲ တွေးနေမိတယ်
အဓိပ္ပါယ်မဲ့ မလွမ်းချင်ဘူး
မသေချာတဲ့ မျှော်လင့်ချက်တွေနဲ့
ရူးနေခဲ့တာ ငါသာအသိဆုံးပါ
လွတ်မြောက်ဖို့
ဟိုးဝေးဝေး ကောင်းကင်ဆီ
အချုပ်နှောင်မဲ့ ပျံသန်းချင်တယ်
ပြောင်မြောင်စွာ လွမ်းတက်ဖို့
အလွမ်းတွေ ငါ့ရင်ဘတ်ထဲ
နင်ထည့်ပေးခဲ့တယ်
အိပ်စက်မရတဲ့ ရင်ခုန်သံအသေတွေနဲ့
ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်များစွာမှာ
နင့်အကြောင်းပဲ တွေးနေမိတယ်
အဓိပ္ပါယ်မဲ့ မလွမ်းချင်ဘူး
မသေချာတဲ့ မျှော်လင့်ချက်တွေနဲ့
ရူးနေခဲ့တာ ငါသာအသိဆုံးပါ
လွတ်မြောက်ဖို့
ဟိုးဝေးဝေး ကောင်းကင်ဆီ
အချုပ်နှောင်မဲ့ ပျံသန်းချင်တယ်
မမြင်ရသောနရီများနှင်.
မသိနိုင်သောတဖျတ်ဖျတ်ခဏများမှာ
ငါ.ရဲ.ညီမလေးက
လင်းလင်းပြက်ပြက်
ညှင်းညှင်းသွဲ.သွဲ.နဲ.အရှေ.ဘက်သို.လှုပ်လှုပ်ခတ်ခတ်
သူ.ပီယ၀ါစာခပ်ဝဲ၀ဲလေးက
ရှိန်းမြချိုရှထိခတ်သွားအောင်
နားစည်နားမှာတလှပ်လှပ်ဖူးပွင်.
အဖြူရောင်စိတ်ထည်လေးကို
ထာဝစဉ်ရစ်လွှမ်းထားတဲ.သူ ။ ။
အနားသတ်ထောင်.တွေမတူညီကြပေမယ်.
အတိုင်းမဲ. ချည်နှောင်ထားကြ
သန်.ရှင်းသောချစ်ခြင်းများဖြင်.
အရာရာကိုပြီးပြည်.စုံစွာ
ဖြတ်သန်းချွန်မြနေစေဖို.
ညီမလေးရေ
ညတွေတိုင်းမှာ ကြယ်ကြွေတွေရေနေရင်း
ရနံ.များစွာဖြင်. ထုံးမွှမ်းအပ်ပါတယ် ။ ။ ။
စ်ချိန်ကငါ.ရင်ခွင်မှာ
နင်နားခိုဖူတယ်နော်........
အဲတုန်းကနင်အရမ်းပျော်နေတာ.........
နင်အရမ်းတည်ငြိမ်တာပဲ....
ငါ.ကိုတောင်နင်ဂရုစိုက်လို.လား....
သိပ်မကြာပါဘူး.....နင်
ငါ့ဆီလာတော့....
နင့်လက်ကိုတွဲထားတာ....
ဘယ်သူလဲ....
နင် ငါ့ကိုမပြောပြဘူးနော်...
ငါနားလည်ပါတယ်...
ဒီလိုနဲ.
အချိန်တွေကတရွေ.ရွေ.
ကုန်ဆုံးသွားခဲ့တာ............
............................................
............................................
ဒီနေ.တော့
ငါ့ရင်ထဲတစ်မျိုးပဲဟာ..
နင့်ကိုမျှော်နေမိတယ်...
နင်လာမယ်လို.လဲ ငါထင်နေတယ်..
ိသိပ်မကြာပါဘူး
နင်ရောက်လာတယ်...
မတွေ.တာကြာလို.လားမသိဘူး
နင်တော်တော်ပိန်သွားတယ်..
အခုမှကြည့်မိတယ်....
နင် ငိုနေတာပါလာ....
ငါစိတ်မကောင်းလိုက်တာဟာ
နင်ဘာဖြစ်လာတာလဲ...
.........................
ငါကြားလိုက်ပါတယ်
မင်းရက်စက်တယ်တဲ့..
သြော်..နင့်ချစ်သူက ထားသွားတာကိုး....
အခုမှ ငါ့ကိုသတိရတာလားဟာ...
ရပါတယ်..
နင်သတိရသေးလို.ကျေးဇူးပါဟာ
နင် ငိုတော့ငါသနားလိုက်တာ
ငါ ဘာလုပ်ပေးရမလဲဟင်.........
ပြောပါ....
ငါနင့်အတွက်လုပ်ပေးချင်လို.ပါ...
သက်မဲ့ဆိုပေမဲ့ငါဟာ နင့်အတွက်
သက်ရှိတစ်ယောက်လို
တန်ဖိုးရှိချင်တယ်....
ငါနင့်ကို “ချစ်တယ်”.....
နင်မသိပါဘူး..
ငါကတိတ်တိတ်လေးချစ်တာကိုဟ..
နင်ဘယ်သိပါ့မလဲ...နော်
အခုလဲ ငါဘာမှလုပ်မပေးနိုင်ဘူးဟာ..
ဒါပေမဲ့.......
နင်စိတ်ညစ်ရင်..
ငါ့ရင်ခွင်ကို
လာပါ......
ငိုပါ...
ငါနွေးထွေးစွာကြိုဆိုပါမယ်....
နွေးထွေးစွာနှစ်သိမ့်ပါ့မယ်.........
ငါလုပ်ပေးနိုင်တာ ဒါပဲရှိတယ်
ဒါကလဲ.....
ငါနင့်ကိုသိပ်ချစ်လို.ပါဟာ.......
ငါနင့်ကိုသိပ်ချစ်လို.ပါဟာ............
ငါနင့်ကို သိပ်ချစ်လို.ပါဟာ....................။ ။
နှင်းမှုန်တွေကျတဲ.
ဆောင်းညတိုင်းမှာလဲ
မင်းရင်ခွင်မှာအိပ်စက်ချင်တယ်...........
မိုးစက်တွေကြား
ထီးတစ်ချောင်းအောက် အတူတူလျှောက်တော့လဲ
မင်းအနားမှာ တိုးဝှေ.နေချင်တယ်...........
နွေနေပူအောက်
ချစ်သူအနေမခက်အောင်
အရိပ်လေးတစ်ခုဖြစ်ပေးမှာပါ........
ကိုယ်မင်းအတွက် လုပ်မပေးနိုင်တာ
ဘာများရှိသေးလို.လဲ........
မင်းကိုလမ်းခွဲပေးရမှာက လွဲလို.ပေါ့ကွာ............
Monday, May 11, 2009
တိတ်တိတ်လေး ....ချစ်နေခွင့်
တိတ်တိတ်လေး ....ချစ်နေခွင့်
အကို
မဆုံသင့်ပဲဆုံခဲ့သလို
မထားသင့်ပဲထားခဲ့မိတယ်
" သံယောဇဉ်တွေ"
အကို
ဘာကိုမှသိခွင့်မရသူပါ
ဘာကိုမှမျှော်လင့်ခွင့်မရသူပါ
ဒါပေမယ့်ပေါ့
"တိတ်တိတ်လေးချစ်နေခွင့်ကိုတော့"
ပိုင်ဆိုင်ခွင့်ရခဲ့သူ
ကျေနပ်ပါတယ်
ပိုင်ဆိုင်ခွင့်ရမှ
ချစ်မယ်လို့ "မတွေးထားဘူး"
စွန့်လွှတ်ခြင်းက
အချစ်လို့လည်း "မတွေးထားဘူး"
ဒီလိုနဲ့
ထားမိတဲ့သံယောဇဉ်တစ်စမှာ
ရုန်းထွက်မရတော့တာ
အကို ...သိမှာပါ
အကို
မဆုံသင့်ပဲဆုံခဲ့သလို
မထားသင့်ပဲထားခဲ့မိတယ်
" သံယောဇဉ်တွေ"
အကို
ဘာကိုမှသိခွင့်မရသူပါ
ဘာကိုမှမျှော်လင့်ခွင့်မရသူပါ
ဒါပေမယ့်ပေါ့
"တိတ်တိတ်လေးချစ်နေခွင့်ကိုတော့"
ပိုင်ဆိုင်ခွင့်ရခဲ့သူ
ကျေနပ်ပါတယ်
ပိုင်ဆိုင်ခွင့်ရမှ
ချစ်မယ်လို့ "မတွေးထားဘူး"
စွန့်လွှတ်ခြင်းက
အချစ်လို့လည်း "မတွေးထားဘူး"
ဒီလိုနဲ့
ထားမိတဲ့သံယောဇဉ်တစ်စမှာ
ရုန်းထွက်မရတော့တာ
အကို ...သိမှာပါ
စောင့်နေဆဲပါ
စောင့်နေပါတယ်
အတူလျှောက်ဖူးတဲ့
လမ်းဟောင်းလေးမှာ
စောင့်နေပါတယ်
အတူထိုင်ဖူးတဲ့
cocoro ဆိုင်လေးထဲမှာ
စောင့်နေပါတယ်
ရခဲ့ဖူးတဲ့
သူ့အချစ်တွေ
ပြန်ရနိုးနိုးနဲ့
ဘာရယ်မဟုတ်တဲ့
အကြောင်းပြချက်တချို့နဲ့
ထားရက်ခဲ့လည်း
စောင့်နေပါတယ်
ပြန်မလာတော့သူ
ပြန်လာနိုးနိုးနဲ့
စောင့်နေပါတယ်
တသက်စာအချစ်တွေနဲ့
အရင်ပုံစံအတိုင်း
စောင့်နေပါတယ်
အရင်နေရာမှာ
အရင်လို
သည်းခံခွင့်လွှတ်ရင်းနဲ့ပေါ့
စောင့်နေပါတယ်
အတူလျှောက်ဖူးတဲ့
လမ်းဟောင်းလေးမှာ
စောင့်နေပါတယ်
အတူထိုင်ဖူးတဲ့
cocoro ဆိုင်လေးထဲမှာ
စောင့်နေပါတယ်
ရခဲ့ဖူးတဲ့
သူ့အချစ်တွေ
ပြန်ရနိုးနိုးနဲ့
ဘာရယ်မဟုတ်တဲ့
အကြောင်းပြချက်တချို့နဲ့
ထားရက်ခဲ့လည်း
စောင့်နေပါတယ်
ပြန်မလာတော့သူ
ပြန်လာနိုးနိုးနဲ့
စောင့်နေပါတယ်
တသက်စာအချစ်တွေနဲ့
အရင်ပုံစံအတိုင်း
စောင့်နေပါတယ်
အရင်နေရာမှာ
အရင်လို
သည်းခံခွင့်လွှတ်ရင်းနဲ့ပေါ့
Saturday, May 9, 2009
တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး 'ဒီဖန်ခွက်က
ဘယ်လောက်လေးမယ်ထင်သလဲ' လို့ ကျောင်းသားတွေကို မေးတယ်.. ၅၀ဂရမ်၊ ၁၀၀ ဂရမ်
အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် ..
ဆရာက ဆက်ပြောတယ် ..'ဒီဖန်ခွက်ရဲ့ တကယ့် အလေးခ်ျိန်ကိုတော့ ဆရာမသိပါဘူး။
ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင်
ဘာဖြစ်မလဲ ဆိုတာပဲ ..'
"ဘာမှမဖြစ်ဘူး" လို့ ကျောင်းသူတစ်ယောက်ကဖြေတော့
"တော်တော်ကြာကြာကိုင်ထားရင်ရော" လို့ ဆရာက ဆက်မေးတယ် ..
"လက်တွေညောင်းပြီး ထုံကျင်လာမယ်" လို့ ဖြေကြတယ် …
'ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ' လို့ ဆရာမေးတော့
ရွှတ်နောက်နောက်ကျောင်းသားတစ်ယော

က်က "မင်းလက်ကြီး ထုံကျင်လာမယ်၊ ပြီးတော့
လက်မောင်းကိုက်လာမယ် ၊ ပြီးတော့ မင်းရဲ့ ကြွက်သားတွေအညောင်းမိ လေဖြတ်ပြီး
ဆေးရုံရောက်မယ်" လို့ ပြောတော့ တတန်းလုံး ၀ိုင်းရယ်ကြတယ် …
ဆရာက 'မင်းပြောတာမှန်တယ် ..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ
..ငါကိုင်ထားတဲ့အချိန် အတွင်းမှာ ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလို့လား'
လို့ ဆက်မေးတော့ မတိုးပါဘူးလို့ တညီတညွှတ်တည်းဖြေကြတယ် …
'ဖန်ခွက်ရဲ့ အလေးချိန်ပြောင်းသွားတာလဲ မဟုတ်ပဲနဲ့ ..ဆရာက ဘာလို့ အဲ့လို
နာကျင်မှုဝေဒနာတွေ တိုးပြီး ခံစားရတာလဲ၊ အဲ့ဒီ ဝေဒနာတွေ သက်သာအောင် ဆရာ
ဘာလုပ်ရမလဲ' လို့မေးတော့ ကျောင်းသူတစ်ယောက်က 'Put the Glass Down;
ဖန်ခွက်ကို အောက်ပြန်ချထားလိုက်ပေါ့' လို့ ဖြေလိုက်ပါတယ် …
ဆရာက 'သိပ်မှန်ပါတယ် ..မင်းတို့ ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို ခေါင်းထဲမှာ
ခဏလောက်ထည့်ထားရင် ဘာမှမဖြစ်သေးပါဘူး။ အကြာကြီး သိမ်းထားပြီး
စဉ်းစားနေတဲ့အခါ ကြာလာတော့ မင်းတို့ကို စတင်ပြီး နာကျင်မှုပေးလာမယ် ၊
ဝေဒနာဖြစ်စေလာမယ်။ ပြဿနာတွေကို ဖြေရှင်းရတာ ဘ၀ရဲ့ ရသ တစိတ်တပိုင်းပါ။
ဒါပေမဲ့ နေ့တနေ့ရဲ့ အဆုံးမှာတော့ တနေကုန်အဖြေရှာမရတဲ့
အဲ့ဒီအကြောင်းတွေကို မေ့ထားခဲ့ပါ။ နောက်တနေ့အတွက် ဒါတွေဆက်တွေးတောဖို့
အားအင်တွေလိုပါတယ် …လူသစ် စိတ်သစ်နဲ့ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့
ဖန်ခွက်တွေကို ခဏလောက်ပြန်ချထားခဲ့ပါ ..' လို့ ဆရာက မှာလိုက်ပါတယ် ..

Subscribe to:
Posts (Atom)