Saturday, May 30, 2009

အလွမ်းသက်သေ

ခံစားမှုက အထီးကျန်နေဆဲ

ပြောင်မြောင်စွာ လွမ်းတက်ဖို့

အလွမ်းတွေ ငါ့ရင်ဘတ်ထဲ

နင်ထည့်ပေးခဲ့တယ်

အိပ်စက်မရတဲ့ ရင်ခုန်သံအသေတွေနဲ့

ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်များစွာမှာ

နင့်အကြောင်းပဲ တွေးနေမိတယ်

အဓိပ္ပါယ်မဲ့ မလွမ်းချင်ဘူး

မသေချာတဲ့ မျှော်လင့်ချက်တွေနဲ့

ရူးနေခဲ့တာ ငါသာအသိဆုံးပါ

လွတ်မြောက်ဖို့

ဟိုးဝေးဝေး ကောင်းကင်ဆီ

အချုပ်နှောင်မဲ့ ပျံသန်းချင်တယ်

No comments:

Post a Comment