*** ဟန်လုပ်အမုန်း ***
* မျှော်လင့်ခြင်းဆိုတဲ့ အလင်းရောင်တွေကို လစ်လှုရှု့
ငါ့ရင်ဘတ်ကိုငါထုပြီး
တစ်ယောက်တည်း ကြိတ်ခံစားခဲ့တာပါ ချစ်သူ ။ ။
* မနက်ဖြန်ဆိုတဲ့ နေ့သစ်တွေကို ရောက်ဖို့ 
အကျည်းတန်မှူ့ တွေကို အံတုပြီး
တစ်ယောက်တည်း ကြိတ်ခံစားခဲ့တာပါ ချစ်သူ ။ ။
* " ချစ်သူ" ဆိုတဲ့ ရင်ခုန်သံလေး တစ်ခုရဖို့ 
ငါ့မာနတွေကို မြေမြှုပ်ပြီး
သဏ္ဍန်ရုပ်နဲ့  ဟန်လုပ်မုန်းခဲ့တာပါ ချစ်သူ ။ ။
..........................................................................................................................
အချစ်ဝင်ရိုးစွန်း
စကားလုံးပေါင်းများစွာနဲ့  ငါ့ကိုထိုးနှက်
ပက်ပက်စက်စက် ဝေဖန်တတ်တဲ့မင်း ။ ။
အရှုံးတွေ တစ်ပွေ့ တစ်ပိုက်နဲ့ 
မင်းဓါတ်ပုံကို ထွေးပိုက်ရင်း
ပိုးစိုးပက်စက် လွမ်းနေတတ်တဲ့ငါ ။ ။
ယုံကြည်မှူ့ ဆိုတာ မင်းနဲ့ ငါ ကြားက
" Oxygen" တစ်ခုပါ ......။ ။
ဆုံဆည်းမှုဆိုတာ
မင်းနဲ့ ငါ့ဘ၀ မှာ " နေ နဲ့  လ " ပါ ..။ ။
ဘာကြောင့်ပဲ ဖြစ်ဖြစ်ပါ ချစ်သူ
မင်းကို ငါ စွဲလမ်းခဲ့တယ်ဆိုတာတော့
ု့ ယုံကြည်ပေးပါ " ချစ်သူ "...။ ။
No comments:
Post a Comment