Saturday, May 30, 2009

အဖော်မဲ့ရေသန့်ဘူးလေ်း်

တစ်ခုသောဆောင်းရာသီရဲ့

မနက်ခင်းလေးမှာ...

ကောင်လေးတစ်ယောက်နှင့်

့်ကောင်မလေးတစ်ယောက်

စာသင်ခန်းတစ်ခုရဲ့ ရှေ့ကော်ရစ်တာလေးမှာ

အမှတ်မထင်ဆုံတွေ့ခြဲ့ကတယ်...

ကောင်လေးရဲ့လွယ်အိတ်ထဲက

ရေသန့်ဘူးလေးဟာ..

ကောင်မလေးအတွက်ဖြစ်ခဲ့သလို.....

ကောင်မလေးရဲ့ သကြားလုံးလေးတွေဟာ

ကောင်လေးအတွက်ချိုနေခဲ့တာပေါ့.........

အခုတဖန်

ဆောင်းရာသီကို ရောက်ခဲ့လေပြန်ပြီ...

သူတို့ရဲ့ကော်ရစ်တာလေးမှာပဲ

ကောင်လေးနဲ့ကောင်မလေးတွေ့တဲ့အခါ.....

ကောင်မလေးရဲ့သကြာလု့းလေးတွေဟာ

ကောင်လေးအတွက်မဟုတ်တော့ပေမဲ့

ကောင်လေးရဲ့ရေသန့်ဘူးလေးကတော့

ပိုင်ရှင်ဟောင်းဖြစ်တဲ့ ကောင်မလေးကို

အဖော်မဲ့ စွာမျှော် ကြည့်နေလို့ပေါ့ကွာ....

No comments:

Post a Comment