Saturday, May 2, 2009

အသက်ပေးချစ်သူ


အသက်ပေးရတဲ့ ချစ်သူ.....
ညနဲ့နေ့မှား ဘ၀များမှာ
အချစ်အတွက် အသက်ဆက်ခဲ့ ရသူပါချစ်သူ
နေ့မသိ ညမသိ အရာရာ ဘာမှမသိပေမယ့်
မောင့်ရင်ထဲမှာ ချစ်ကိုချစ်တာ ချစ်တာကိုတော့
ဘယ်နေရာရာမှာ ဘာကိုလုပ်လုပ်
ဘာပဲဖြစ်ဖြစ် ငါချစ်နေပါတယ်ချစ်သူ
ရှုးတယ်ဆိုဆို ပိုတယ်ပြောပြော
သဘောကတော့ အတူတူပါပဲ ချစ်သူ
မောင်ရှုးခဲ့တယ်ဆိုရင်တောင်
အချစ်ကြောင့် ရှုးခဲ့တဲ့ အချစ်ရှုးပဲ ဖြစ်မှာပါ ချစ်သူ...
ရင်ထဲမှာ နင်ပဲရှိတယ်
မယုံဘူးဆို ၀င်သွားကြည့်ပါဆိုတော့
ချစ်သူက မောင့်ကို ပြန်ပြောဖူးတယ်

မဟုတ်ဘူးဆို ပြန်ထွက်ခဲ့ရမှာလား ? တဲ့
ဟုတ်ဟုတ် မဟုတ်ဟုတ် ဆက်သာနေလိုက်ပါ ချစ်သူ. . .
ဒါပေမယ့် ဟုတ်နေပါတယ် ချစ်သူ. . .
ရင်ထဲမှာ နင်ပဲ ရှိခဲ့တာပါ
မောင့်ရင်ဘတ်ဟာာာ အချစ်ဆုံးသော ချစ်သူအတွက်
ဖွဲ့စည်းတည်ဆောက်ထားတာပါ ချစ်သူ . . .

ဖွဲ့တည်တဲ့ ချစ်ခြင်းတရား
အပြစ်ကင်းသလားဆိုတော့
အပြစ်မကင်းပေမယ့် ချစ်ခြင်းတရားကတော့
အမြဲဖြူစင် လင်းသန့်နေပါတယ်ချစ်သူ. . .
ချစ်တာဟာ အပြစ်မရှိပေမယ့်
ဖြစ်ခဲ့တဲ့ အပြစ်တွေက
မောင့်ကြောင့်မဟုတ်ခဲ့ပါဘူး ချစ်သူ. . .
ကံကြမ္မာကို ရိုးမယ်ဖွဲ့
ဘယ်သူ့ကိုမှ အပြစ်မတင်ခဲ့ပါတူးချစ်သူ . . .
မောင့်ရဲ့ညတိုင်း အလွမ်းတွေဝိုင်းနေလို့
ဆို့တက်လာတဲ့ ရင်ခွင်
အရက်ဆိုတာနဲ့ မျှောချခဲ့ရတာ
မင်းမှ မမြင်နိုင်တာ ချစ်သူ . . .
အချစ်နဲ့ ဘ၀ တစ်ထပ်ထဲ မကျခဲ့ပေမယ့်
မောင့်ရင်ထဲမှာ မင်းကိုသာ အချစ်ဆုံးပါ ချစ်သူ . .
အချစ်ဆုံးမို့ အချစ်တွေ မဆုံးခြင်တာ အမှန်အကန်ပါ ချစ်သူ . . .
ချစ်သူက အပြစ်မယူပေမယ့် လစ်လျှူရှုမှာကိုတော့ မောင်အကြောက်ဆုံးပါ.....ချစ်သူ....
ယောင်နောက် ဆတုံးပါဆိုပေမယ့်
မောင်မခေါ်နိုင်သေးတာတောင်
မောင့်ကို နောက်ရော မမုန်းပါနဲ့ချစ်သူ. . .
* မင်းကိုချစ်တဲ့ အချစ်နဲ့ အသက်ဆက်နေရသူပါချစ်သူ. . .
ရန်ကုန်ရဲ့ အင်းလျားကန်ဘောင်ပေါ် မင်းကြောင့်
တွေး ဆွေး ငေးပြီး ည အိပ်ခဲ့ဖူးပါပြီ ချစ်သူ. . .
လေပြေယိမ်းထိုး ထိုညမျိုးမှာ
မောင့်ရဲ့အချစ် ထာဝရဖြစ်အောင်
အင်းယားကန်ဘောင် သက်သေထောင်လို့
သေအောင်အော်ခဲ့ပါတယ် ချစ်သူ . . .
* ပဲပြုတ်လို့ အော်တာ မဟုတ်ခဲ့ပေမယ့်
အသည်းပြုတ်မတတ် ကြေကွဲ 1 နဲနေရသူပါဟာာာ...
* လွဲဖို့မဟုတ်ပေမယ့် လွဲနိုင်တဲ့ ကံကြမ္မာ ဖန်လာလေသမျှ
ကြံခါနေရတဲ့ မောင့်ဘ၀ပါချစ်သူ . . .
နေ့နေ့ညည သတိရလို့
နေ့တိုင်းညတိုင်း အလွမ်း ၀ိုင်းခဲ့ရတာ မင်းသိနိုင်ပါစေ ချစ်သူ. . .
feel လာတိုင်း မီးမလာလို့ D နေရာမှာ
မောင်ရင်မဇွင့်နိုင်တာ ခွင့်လွှတ်ပါချစ်သူ . .
D နေရာမှာ D အကြောင်းကို
D နေရာရောက်တိုင်း ရေးနေပါ့မယ်ချစ်သူ . . .
တနေ့နေ့ တစ်ချိန်ချိန် D နေရာတကွေ့ ချစ်သူတွေ့ရင်
မောင့်ရင်ထဲက အချစ် & အလွမ်း အားလုံး လှမ်းမြင်နိုင်မှာပါချစ်သူ . . .
*အမုန်းရဲ့ အခြေခံဟာ အချစ်ဖြစ်နိုင်ပေမယ့်
မုန်းဖို့ချစ်ခဲ့တာမှ မဟုတ်ခဲ့တာ ချစ်သူ. . .
လောကကြီး သုံးပါးမှာ
အကြောက်ဆုံးဟာ ပြောပါဆိုရင် မင်းရဲ့ အမုန်းတရားပါ ချစ်သူ. . .
* ချစ်သူအမုန်း မောင်အကြောက်ဆုံးဆိုတာ
ချစ်သူသိစေ ချစ်သက်သေညွှန်း
လွမ်းရက်တွေစွန်းစေတာ့
မောင့်ကို မရက်စက်လွန်းပါဘူးလို့ မောင်ယုံကြည် ထားပါရစေချစ်သူ
ယုံကြည်ချက်နဲ့ အသက်ဆက် ထိုရက်တွေကို
မောင် အချစ်အတွက် သိမ်းထားပါရစေ ချစ်သူ. . .
Online တက်တိုင်း မျက်ရည်ဝိုင်းလို့
D နေရာမှာ မျက်ရည်ချောင်းစီး
ပင်လယ်ကြီး ဖြစ်သွားတောင်
မင်းကိုငါချစ် အပြစ်မဖြစ်စေရပါဘူးချစ်သူ. . .
*မင်းအဆောင်နား ငါ တ၀ဲလည်လည်
ပဲပြုတ်သည်တောင် တမျိုးထင်
သခိုးလို့မြင်မြင်
ငါ ညလုံးပေါက် မင်းရဲ့အဆောင်ကို ဓာတ်မီးတိုင်အောက်က မြင်နိုင်အောင် ကြိုးစားခဲ့ပါတယ်ချစ်သူ . . .
မီးပျက်ပေမယ့် feel မပျက်တော့ ဆက်ရေးခြင်ပေမယ့်
ကံကြမ္မာ တံတိုင်း ကြံဖန်က ရိုင်းလေတော့
D ညတော့ D မျှပါချစ်သူ
* အိပ်မက်ထဲ ကို အကြိမ်ကြိမ်ရစ်ဝဲ
ချစ်နေဆဲပါချစ်သူ...
ချစ်သူ...
ွှီ

No comments:

Post a Comment