
မောင်သိရဲ့လား ...
မောင့်ကို အရမ်းချစ်တယ်ဆိုတာ မောင်သိရဲ့လား ....
မောင့်ကို အရမ်းမြတ်နိုး၊တန်ဖိုးထားတယ်ဆိုတာ မောင်သိရဲ့လား ....
မျက်လုံးထဲမှာ မောင့်ပုံရိပ်တွေပဲ မြင်ယောင်နေတယ်ဆိုတာ မောင်သိရဲ့လား ....
မောင့်အသံလေးကို အမြဲကြားချင်နေမိတာ မောင်သိရဲ့လား ....
အတွေးတွေထဲမှာ မောင်အမြဲပါနေတယ်ဆိုတာရော မောင်သိရဲ့လား ....
မောင်နဲ့မတွေ့ရတဲ့နေ့တွေဆိုရင် အရမ်းအထီးကျန်တယ်ဆိုတာ မောင်သိရဲ့လား ....
ညတိုင်းအိပ်ပျက်ခံပြီး မောင့်ကိုလွမ်းနေတယ်ဆိုတာရော မောင်သိရဲ့လား ....
မောင်နဲ့ပတ်သတ်တဲ့ ကျွန်မရဲ့ခံစားချက်တွေကိုရော မောင်သိရဲ့လား ....
No comments:
Post a Comment