ပြန်ဆုံရင်...
နှစ်ပေါင်းများစွာ..
မညည်းဖြစ်တဲ့ သီချင်းတွေ..
သူ့ကြောင့် ပြန်ဆိုနေမိပြီ.....။
လပေါင်းများစွာ...
မရေးဖြစ်တဲ့ ကဗျာတွေ...
သူ့ကြောင့် ပြန်ရေးနေမိပြီ....။
အပတ်စဉ်များစွာ...
မကြည့်ဖြစ်တဲ့ အနာဂတ်တွေ...
သူ့ကြောင့် ပြန်ကြည့်ဖြစ်နေပြီ....။
နေ့ပေါင်းများစွာ...
ပျောက်ဆုံးနေတဲ့ မျှော်လင့်ချက်တွေ...
သူ့ကြောင့် ပြန်ရှာတွေ့မိနေပြီ....။
နာရီပေါင်းများစွာ...
ငြိမ်သက်နေတတ်တဲ့ H/P လေးလည်း...
သူ့ကြောင့် အသံထွက်နေတတ်ပြီ....။
မိနစ်ပေါင်းများစွာ...
ရပ်တန့်နေခဲ့တဲ့ ရင်ခုန်သံတွေလည်း...
သူ့ကြောင့် ပြန်မှန်လာခဲ့ပြီ....။
စက္ကန့်ပေါင်းများစွာ...
တိုးနေတဲ့ ကိုယ့်သွေးတွေလည်း...
သူ့က ၀င်ရောက်နေတတ်ပြီ....။
ချစ်သူရေ....
ပြန်မဆုံခင် ကိုယ်တို့ကိုခွဲတဲ့..
အချိန်တွေကို..
မုန်းတယ်....၊
ပြန်ဆုံရင်တော့..
ရင်ခုန်တယ်.......။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment